သူတော်ကောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတဲ့ PDF တွေ မြေမြိုလိမ့်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူတော်ကောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတဲ့ PDF တွေ မြေမြိုလိမ့်မယ်

 


NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လမ်းစဉ် စတင်ပြီဆိုကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့တွေမှာ ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ NLD, ၈၈ က နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုတွေနောက်ကို လိုက်ပါပြီး ကိုယ့်ရွာသူရွာသားအချင်းချင်းကိုပင် ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့ကြပါတယ်။


NLD အစွန်းရောက်တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် အတိဒုက္ခရောက်ခဲ့ရသူတွေမှာ ခိုကိုးရာမဲ့ ဖြစ်ခဲ့ပါတယ်။ NLD အစွန်းရောက်တွေကို လူတိုင်းကြောက်လာတယ်။ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ ဒုက္ခပေးခြင်းခံရလို့ လက်ခံစောင့်ရှောက်ပေးဝံ့သူ မရှိကြတော့ဘူး။ NLD အစွန်းရောက်တွေရဲ့ ရန်ရှာ သတ်ဖြတ်ခြင်းကို ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် ရွာသူရွာသားအချင်းချင်း၊ ဆွေမျိုးသားချင်းပင် ဖြစ်လင့်ကစား ကူညီစောင့်ရှောက်ပေးဝံ့တဲ့ အခြေအနေမျိုး မရှိတော့ပါဘူး။


အဲဒီလို အပြစ်မဲ့ ရွာသူရွာသားတွေကို နီပိန်းတွေက အုပ်စုဖွဲ့အနိုင်ကျင့် စော်ကားမှုတွေ၊ ရက်စက်စွာ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ ခြေသလုံးအိမ်တိုင်ဘဝနဲ့ ပြေးလွှားနေရတဲ့ သူတွေဟာ ဆရာတော်ဦးဝါသဝထံ ဆက်သွယ် အကူအညီ တောင်းခံမှုတွေ လုပ်လာကြပါတယ်။ ဘုရားသားတော်တစ်ပါးရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ အတိဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်မှ ရတော့မယ်ဆိုတဲ့ အသိစိတ်နဲ့ အကြမ်းဖက်သမားတွေ ရန်ပြုစော်ကားလာမှာကို ထည့်မတွက်ဘဲ ကိုယ်တိုင်သွားရောက် ကယ်တင်ပြီး ဆရာတော်ဦးဝါသက ကျောင်းမှာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။


အဲဒီလို ခိုလှုံခွင့်ပေးတာကို မှော်တော်ရွာထဲမှာ ရှိကြတဲ့ သူတွေကလည်း မကြည်ပါဘူး။ ၂၀၂၁ အစောပိုင်းကာလ အခြေအနေကို ပြန်ပြောင်းပြောဆိုမယ်ဆိုရင် ရွာထဲမှာ ဘာသာခြားတွေလည်း များပါတယ်။ ဘုန်းကြီးကျောင်းကို ပတ်ပြီး ဆန္ဒပြတာမျိုးတွေလည်း လုပ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ ဆရာတော်က မင်းတို့လည်း အေးအေးဆေးဆေးနေ အမျိုး ဘာသာ သာသနာကို ထိလာရင်တော့ တစ်ရာနဲ့ တစ်ယောက် လဲပစ်မယ်လို့ မိုက်နဲ့တပ်ပြီး ကြေညာခဲ့ပါတယ်။ ဆန္ဒပြတဲ့ ဘာသာခြားအုပ်စုက ခေါင်းဆောင်တွေကိုလည်း ကျောင်းခေါ်ပြီး ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။ မင်းတို့ ငါ့ကျောင်းရှေ့ လူတစ်ရာနဲ့ ဆန္ဒလာပြရင် မင်းတို့ ဗလီရှေ့ ငါ လူတစ်ထောင်နဲ့ ဆန္ဒပြမယ်။ မင်းတို့ လူတစ်ထောင် နဲ့ ဆန္ဒပြရင် ငါလူတစ်သောင်းနဲ့ ဆန္ဒလာပြမယ် လို့ အပြတ်ပြောလိုက်တာ့မှ ဘာသာခြားများလည်း ငြိမ်သွားကြပါတယ်။

ဆရာတော်က နီပိန်းအကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် အတိဒုက္ခရောက်နေရသူတွေကို ကျောင်းမှာ ခိုလှုံခွင့်ပေးခဲ့တာကို ဂေါပကတွေကလည်း မကြည်ဖြူပါဘူး။ ဆရာတော် က အတိဒုက္ခရောက်နေသူတွေကို လက်ခံပေးထားခြင်းကြောင့် နီပိန်း PDF အကြမ်းဖက်တွေက ရွာကိုလာပြီး ရန်ပြုစော်ကားတိုက်ခိုက်မှာကို ကြောက်ရွံ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။


ဆရာတော်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အတိဒုက္ခရောက်လို့ တိမ်းရှောင်လာသူမှန်သမျှကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆရာတော်ကျောင်းမှာ ခိုလှုံသူတွေများပြားလာတဲ့အခါ ကျွေးမွေးစောင့်ရှောက်ဖို့ အခက်အခဲ ရှိလာတဲ့အခါ ကျွန်တော်တို့ကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း တတ်နိုင်သမျှ စုပေါင်းပြီး ဆရာတော်ကျောင်းအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ခိုလှုံသူက ဆယ်ဂဏန်းမဟုတ်တော့ဘဲ ရာဂဏန်း ဖြစ်လာတဲ့အခါ ပိုပြီး ခက်ခဲလာတယ်။ ဆရာတော်နဲ့ ကျွန်တော် က အမြဲတမ်း အဆက်အသွယ်ရှိနေတဲ့အတွက် အခြေအနေမှန်ကို နိုင်ငံတော်အကြီးအကဲတွေ သိစေဖို့ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်ပေးနိုင်ဖို့ တပည့်တော် အင်တာလာဗျူးမယ်။ ဆရာတော်တို့ ဖြေပေးဖို့ အဆင်ပြေမလားပေါ့။ 


အကြမ်းဖက်ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူ အများစုက သူတို့ကြုံတွေခံစားခဲ့ရတာတွေ မပြောလိုကြပါဘူး။ ထပ်မံပြီး ရန်ရှာခံရမှာကို ကြောက်ကြလို့ပါပဲ။ ဆရာတော်ကျောင်းမှာ ခိုလှုံနေသူတွေထဲက မိမိတို့ ကိုယ်တွေ့ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကို ပြောဝံ့တဲ့သူတွေ ဆရာတော်က ခေါ်လာပြီး ကျွန်တော်သွားရောက်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ ဆရာတော်ရဲ့ အင်တာဗျူးတွေ မီဒီယာမှာ ပလူပျံလာတဲ့အခါ ဂေါပကတွေက ဆရာတော်ကို ကျောင်းက ထွက်သွားဖို့အထိ ဖိအားပေးမှုတွေ လုပ်ခဲ့တာကိုလည်း ကြုံခဲ့ရပါတယ်။


နောက်တော့ နိုင်ငံတော်က ပြည်သူပူးပေါင်းပါဝင်သော ကာကွယ်ရေးအစီအစဉ်ကို ဖော်ဆောင်မယ်ဆိုတာနဲ့ တပြိုင်နက် ဆရာတော် က ကျောင်းမှာ ခိုလှုံနေသူများကို ပြည်သူ့စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးခဲ့ပါတယ်။ တပ်မတော်ကလည်း ခိုလှုံနေထိုင်ကြသူတွေ စားဝတ်နေရေး အဆင်ပြေအောင် လှူဒါန်းထောက်ပံ့ပေးလာတဲ့အတွက် အကြမ်းဖက်ဘေးရှောင်နေသူတွေရဲ့ စားသောက်နေထိုင်ရေးအတွက် အဆင်ပြေလာခဲ့ပါတယ်။


အဲဒီနောက်တော့ ဆရာတော်ရဲ့ ကျောင်းမှာ ခိုလှုံနေရင်းက ပြည်သူ့စစ်သင်တန်းတက်ပြီးသူတွေကို ကိုယ့်ရပ်ကိုယ့်ရွာပြန်နေပြီး ရပ်ရွာကို ကာကွယ်နိုင်တဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။ KIA, PDF အကြမ်းဖက်သမားတွေအနေနဲ့ ရွာသူရွာသားတွေကို သတ်ချင်းတိုင်းသတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ အခြေအနေက ပြည်သူ့စစ်တွေ ရှိလာတဲ့အချိန်မှာ လုပ်ချင်တိုင်း လုပ်လို့ မရတော့တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။


ဆရာတော်ကျောင်းမှာ ခိုလှုံရင်း ပြည်သူ့စစ်သင်တန်း တက်သွားတဲ့သူတွေမှာလည်း ဆရာတော်ကို ကျေးဇူးကန်ချင်ကြသူ တချို့ ရှိပါတယ်။ ဆရာတော်ကတော့ ဒါတွေကို ဗွေမယူပါဘူး။ လူတွေရဲ့ သဘောသဘာဝကို နားလည်နေပြီးဖြစ်လို့ ပြည်သူ့စစ်ဖွဲ့စည်းကားကွယ်ခြင်းဟာ ကျေးရွာလုံခြုံရေးအတွက် စိတ်ချရတဲ့ အခြေအနေရှိလာတဲ့အတွက် သူ့ရဲ့ ဇာတိရပ်ရွာမှာလည်း PDF သောင်းကျန်းနေတဲ့ အခြေအနေကို သွားရောက်ရှင်းလင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးခဲ့ပါတယ်။

ဆရာတော်ရဲ့ ဇာတိရပ်ရွာဟာ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာပါ။ ဘာသာရေးကို အလွန်အင်မတန် အလေးထားတဲ့ ရွာမှာ နိုင်ငံရေးမှိုင်းမိနေသူတစ်စုက ရွာသူရွာသားအချင်းချင်း ရန်ပြုစော်ကားမှုတွေ လုပ်ဆောင်နေတာကိုလည်း ဆရာတော်က ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။


နောက်တော့ PDF အကြမ်းဖက်ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိတဲ့ ကျေးရွာများမှာ ပြည်သူ့ဖွဲ့စည်းကာကွယ်နိုင်ဖို့ လိုက်လံစည်းရုံးဆောင်ရွက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဒေသကို PDF အကြမ်းဖက်ဘေးအန္တရာယ်ကနေ ခုခံကာကွယ်တဲ့နေရာမှာ ကန့်ဘလူမြို့နယ်က ဆရာတော်ဦးဝါသဝ တစ်ပါးသာ အထင်အရှားဖြစ်လာတဲ့အခါ PDF တွေရဲ့ ပစ်မှတ်ကလည်း ဆရာတော် ဖြစ်လာခဲ့ပါတယ်။ 


ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ က အကြမ်းဖက်လှုံ့ဆော်သူတွေ လေလှိုင်းပေါ်က လူသတ်သမားတွေက ဆရာတော်ကို ပစ်မှတ်ထားပြီး လှုံ့ဆော်လာကြပါတယ်။ လေလှိုင်းပေါ်က လူသတ်သမားတွေရဲ့ လှုံ့ဆော်မှုအရ PDF အကြမ်းဖက်သမားတွေကလည်း ဆရာတော်ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြပါတယ်။ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို PDF တွေက မလိုလားတာ ပြောစရာမရှိပေမယ့် တည်ငြိမ်အေးချမ်းမှုအတွက် အကြမ်းဖက်နှိမ်နှင်းရေးကို ဆောင်ရွက်ဖို့ တာဝန်ရှိသူတချို့ကလည်း ဆရာတော် အခုလို ဆောင်ရွက်ပေးနေတာတွေကို မလိုလားကြပါဘူး။ ဒါကတော့ သူတို့ လုပ်ချင်သလို မလုပ်ရ၊ သူတို့ခြယ်လှယ်လို့ မရဘဲ ဆရာတော် ဝင်ရှုပ်နေတယ်ဆိုတဲ့ အမြင်နဲ့ ဆရာတော်ကို အပုပ်ချ စော်ကားပြောဆိုမှုတွေလည်း ရှိလာပါတယ်။


ဒီအလုပ် က ဆရာတော်နဲ့ မဆိုင်ဘူးလို့ ပြောချင်လာကြပါတယ်။ ဆရာတော် နဲ့ ဆိုင်လား၊ မဆိုင်လား ဆိုတာတော့ PDF အကြမ်းဖက်သမားတွေဟာ အရပ်သားပြည်သူတွေကိုသာမကဘဲ ဆရာတော်သံဃာတော်တွေကိုပါ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ထောက်ရှုကြည့်လိုက်ရင် PDF အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးက လူတွေသာ လုပ်ရမယ့် အလုပ်မဟုတ်တော့ဘဲ ဆရာတော်တွေလည်း ဆိုင်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ဆရာတော်ကတော့ PDF အကြမ်းဖက်သမားတွေ ရန်ပြုစော်ကားမှာ၊ ချောင်းမြောင်းလုပ်ကြံဖို့ကြံစည်နေတာကို သိသိနဲ့ပဲ ရွာစဉ်လှည့်လည်ပြီး အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။ ယနေ့တိုင်အောင်လည်း ဆောင်ရွက်နေဆဲပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ စည်းရုံးဆောင်ရွက်မှုကြောင့် ပြည်သူ့စစ်အင်အားဟာလည်း များစွာတိုးတက်လာခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်လေ PDF တွေ မရှုစိမ့်လေပါပဲ။


CRPH, NUG အဖွဲ့ဝင် အကြမ်းဖက်လှုံ့ဆော်သူတွေက ဦးဝါသဝ ခေါင်းကို ရရင် သိန်း(၅၀၀) ပေးမယ်လို့တောင် ကြေးထုတ်လာပါတယ်။ PDF အကြမ်းဖက်သမားလေးတွေကလည်း လူသတ်ပြီး ငွေရှာနေတဲ့ လူရမ်းကားလေးတွေ ဖြစ်တာကြောင့် ဆရာတော်ရဲ့ လမ်းကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြပါတယ်။ ပထမတစ်ကြိမ်လည်း မအောင်မြင်ပါဘူး။ ဒုတိယအကြိမ်၊ တတိယအကြိမ်လည်း မအောင်မြင်ပါဘူး။ ရက်ပိုင်းအတွင်းကပဲ PDF အကြမ်းဖက်သမားတွေက ဆရာတော်ရဲ့ ယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။ အောင်မြင်မှု မရရှာပါဘူး။


ဆရာတော်ဟာ ရပ်ရွာဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ PDF အကြမ်းဖက်သမားတွေကတော့ KIA ရဲ့ ကြိုးကိုင်မှုနဲ့ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြသူတွေဖြစ်တယ်။ အကြမ်းဖက်နှိမ်နင်းရေးမှာ တာဝန်ရှိပြီး ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို မလိုလားဘူးဆိုတဲ့သူတွေကတော့ အကြမ်းဖက်သမားတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ကိုယ်ကျိုးရှာလိုသူတချို့ပဲ ဖြစ်ပါတယ်။ အပြည်မဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်တွေကို စတေးပြီး ကိုယ်ကျိုးမရှာသင့်ဘူးဆိုတာကို သိတဲ့သူတိုင်းက ဆရာတော်ကို လိုလားကြပါတယ်။


PDF အကြမ်းဖက်သမားတွေ ဆရာတော်ကို (၄)ကြိမ်တိုင်တိုင် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပြီးပြီ။ ဆရာတော် ကံကောင်းလွန်းနေလို့သာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်မမိသေးတာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ ဆိုရင် ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ကား လွန်သွားပြီးမှ ထပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။


ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ PDF တွေရဲ့ လုပ်ရပ်ဟာ မြတ်စွာဘုရားရှင်ကို ဒေဝဒတ်က သေကြောင်းကြံသလို ဖြစ်နေပါပြီ။ PDF တွေကတော့ ဒေဝဒတ်ထက်ပိုပြီး မိုက်မဲပါတယ်။ ဆရာတော်ကို အရိုးအသား တစ်စစီဖြစ်ပြီး အစရှာမရအောင်ကို လက်စတုံးစီရင်ဖို့ ကြံစည်နေကြသူတွေပါ။ အခုထိတော့ PDF တွေရဲ့ အကြံအစည်ဟာ ထမြောက်အောင်မြင်ခြင်း မရှိသေးပါဘူး။ PDF တွေ မြေမြိုပါလိမ့်မယ်။ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဒေသကို ဖျက်ဆီးရုံမျှမက မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်ကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ကြံစည်နေကြတဲ့အတွက် PDF တွေ မြေမြိုခံရပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)