ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမား များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမား များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး



MNP ၊ ဇန်နဝါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ   နေအိမ်များအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမား အင်အား ၇၀ ဦးခန့်သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၅ လုံးမီးလောင် ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)