သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး





MNP ၊ ဇန်နဝါရီ  ၂၂    

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ သပြေချောင်းသံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား ၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျ ပျက်စီးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် ဆောက်လုပ် ထားသည့် သံကူကွန်ကရစ်ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)