အမ်းမြို့နယ်တွင် ဆရာတော်သံဃာ တော်များနှင့် ဓမ္မပါလဝတ်အသင်းသူများက အောင်ခြင်းရှစ်ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ဆရာတော်သံဃာ တော်များနှင့် ဓမ္မပါလဝတ်အသင်းသူများက အောင်ခြင်းရှစ်ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်






MNP  -   ဇန်နဝါရီလ  ၂၆

 ပြည်ထောင်စုနယ်မြ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင်မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့် ဆောင် ပူဇော်ချိန်ယနေ့နံနက်  ၈နာရီ ၁၀မိနစ်အချိန်တွင်ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အမှတ် (၃)ရပ်ကွက် မြတ်စွယ်တော်ဓမ္မာရုံ၊ လေယာဉ်ကွင်းရပ် ကွက် မြို့ဦးကျောင်းဓမ္မာရုံ၊တပ်တောင်မြို့ အမှတ်(၁)ရပ်ကွက်၊သာသနာ့ဝေပုလ္လာရာမဘုန်းတော်ကြီးကျောင်းတိုက်နှင့် အမ်းမြို့နယ်ကျေးရွာ အုပ်စုများတွင် ဆရာတော်၊ သံဃာ တော်များနှင့် ဓမ္မပါလဝတ်အသင်းသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက အောင်ခြင်းရှစ်ပါး ပါဠိနှင့်ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြ ကြောင်းသိရသည်။


အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်များက အတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝ ရွတ်ဆိုပွားပြီး ဓမ္မပါလဝတ်အသင်းသူ မ်ား၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးများက အပြင်အောင်ခြင်းရှစ်ပါး ပါဠိနှင့် ပရိတ်ကြီး၁၁ သုတ်မှ ဓဇဂ္ဂသုတ်အား ဆက်လက် ရွတ်ပွားပူဇော်ခဲ့ကြသည်။ 


ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနတော်များအားလှူဒါန်းဖွယ်ရာဆိုင်ရာများက ပင့်ဆောင်သံဃာ  အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)