ကျိုက်ထိုမြို့ ရွှေဘုံသာဘုရားဝင်းအတွင်းရှိ စေတီတော်များအား‌ ရေသပ္ပါယ်၍ရွှေ သင်္ကန်းကပ်လှူခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့ ရွှေဘုံသာဘုရားဝင်းအတွင်းရှိ စေတီတော်များအား‌ ရေသပ္ပါယ်၍ရွှေ သင်္ကန်းကပ်လှူခြင်း ဆောင်ရွက်






MNP  -  ဇန်နဝါရီ       ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်က ကံ့ကော်ရပ်ကွက်၊ ရွှေဘုံသာဘုရားဝင်းအတွင်းရှိ စေတီတော်များအား  ရွှေသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်း၊ ပန်းရေချမ်းဆီးမီးများဆက်ကပ်ခြင်းနှင့် စေတီတော်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


စုပေါင်းဆောင်ရွက်ရာတွင် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ ကျော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းကာ စေတီတော်များအား အမှိုက်သရိုက်များရှင်းလင်းပြီး ရွှေသင်္ကန်းကပ်လှူ ရောင်တော်ဖွင့်ခြင်း၊ ပန်းရေချမ်းဆီမီးများ ဆက်ကပ်ခြင်း၊ဘုရားဝင်း ၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း စသည်တို့ကို အင်အား (၁၀၀) ဦး တို့ခန့်ဖြင့် တပျော် တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ကျိုက်ထို မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်တိုင်း ဆောင်ရွက်လျှက်ရှိပြီး စေတီပုထိုးများ၊ စာသင်ကျောင်း၊ ဆေးရုံများ၊ မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)