MNP - ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ပျော်ပွဲရွှင်ပွဲများ ကြည်ရှုသူ ဘုရားဖူးသူမျာဖြင့် စည်ကားလျက်ရှိကြောင်း စက္ကိန်းတဲဘုရား ဘဏ္ဍာထိန်း ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရ သည်။
အဆိုပါ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပပြုလုပ်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်တွင် ယခင်ကျင်းပပြုလုပ်ခဲ့သည့်နှစ်များအတိုင်း အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ အားကစားပွဲ၊ ကလေးကစားစရာ ချား၊ ရဟတ်၊ ပင်လယ်ဓားပြ စသောပျော်ပွဲ ရွှင်ပွဲများနှင့် ဈေးဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ သည်။
ယင်း ဗုဒ္ဓပူဇနိယ ပွဲတော်အား ဇန်နဝါရီ ၂၀ နေ့ညမှ စတင်ကာ ဂီတစက်ဝိုင်း တေးဂီတ ဖျော်ဖြေပွဲများဖြင့် တင်ဆက်လျက်ရှိရာ ပွဲလာသူ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိပြီး ဇန်နဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ညများတွင် မင်းသမီးရေကြည်ချမ်းမြ အငြိမ့်ပွဲများဖြင့် ကပြတင်ဆက်သွားမှာဖြစ်ကြောင်း သိရသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment