မြောက်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP  -   ဇန်နဝါရီ  ၂၁

   ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ် VMIS စာရင်းရေးသွင်းရေးအဖွဲ့တို့နှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက် ခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာတွင် မြောက်ဦးခရိုင် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံသည့်အခြေနေ၊  ကာကွယ် ဆေးထိုးနှံ ပြီးစီးမှုအပေါ် VMIS စနစ်ဖြင့်စာရင်းရေးသွင်းနိုင်ရေးနှင့် မထိုးနှံဘဲ ကျန်ရှိနေ သူများကို နွေရာသီကျောင်းမပိတ်ခင် ရာနှုန်း ပြည့်ထိုးနှံနိုင်ရန်၊ ကာကွယ်ဆေး Booster အသစ် ထပ်မံရောက်ရှိလာပြီဖြစ်၍ မြို့နယ်အလိုက် မထိုးနှံဘဲ ကျန်ရှိနေသာ ကျောင်းသား /ကျောင်းသူ များကို ဆက်လက်ထိုးနှံကြရန် စသည့် အကြောင်း အရာများကို  ပြောကြားခဲ့သည်။


 ပြီးနောက် မြောက်ဦးခရိုင်အတွင်း ရှိ မြို့နယ်အလိုက် တာဝန်ရှိသူတို့မှ  ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေ အနေ ၊  VMIS စနစ်ဖြင့်စာ ရင်းရေးသွင်းပြီးစီးမှုအခြေအနေ  နှင့် ကာကွယ်ဆေးထိုးနှံရန် စာသင် ကျောင်းအလိုက် ကျန်ရှိသော ကျောင်းသား/ကျောင်းသူတို့၏ အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြော ကြားခဲ့သည်။ 


ဆက်လက်၍ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကွယ်ထိန်းချုပ်ရေးကိစ္စရပ်များ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအပေါ် VMIS စနစ်ဖြင့် ရာနှုန်းပြည့် စာရင်းရေးသွင်းနိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြရာ လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြင်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)