စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ



MNP  -    ဇန်နဝါရီ  ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က စာပေစကားဝိုင်းသို့ တက်ရောက် အားပေးကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို မင်္ဂလာပါဟုနှုတ်ခွန်းဆက်သ၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ 


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ကားဝိုင်းဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ကျောင်းသားလူငယ်ကလေးများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး လူတော်လူကောင်းများဖြစ်ပေါ်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ စသည့်ဗလငါးတန် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲလုပ်ရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို ခေါင်းစဉ်(၅)ခုဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး (Grade 11)မှ ကျောင်းသား၊ ကျောင်းသူကလေးများက ဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာတွင်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade 11 မှ ကျောင်းသူ မကြည်နူးဝေက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိသော်တာလွင်က  လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ထင်လင်းပြည့်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်း‌‌ကောင်း၊ ကျောင်းသူ မနှင်းဝေလှိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ကျောင်းသား မောင်ဖြိုးသီဟကျော်က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် လူငယ်စကားဝိုင်း ခေါင်းစဉ်များထဲမှ တက်ရောက်အားပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား လူငယ်စကားဝိုင်းဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူအသီးသီးတို့မှ တစ်ဦးခြင်းအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ ကျောင်းသား၊ ကျောင်းသူစုစု‌ပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။


 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားစေမည့် နံရံကပ်စာ‌စောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား ခင်းကျင်းပြသထားရှိကာ ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ဆရာ ဆရာမများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)