နတ်မောက်မြို့နယ်တွင် ဆီးသီးနှင့်မကျည်းသီးများစျေးကွက်သို့စတင်ဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ဆီးသီးနှင့်မကျည်းသီးများစျေးကွက်သို့စတင်ဝင်ရောက်



MNP  -   ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီးသီးနှင့် မကျည်းသီးများရင့်မှည့်လာပြီဖြစ်၍ စျေးကွက်သို့ စတင်ဝင်ရောက်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။


နတ်မောက်မြို့နယ်ရှိ ဆီးသီးပွဲရုံနှင့် မကျည်းသီးပွဲရုံများသို့ ကျေးရွာများမှ လာရောက်ရောင်းချ ကြရာတွင် ဇန်နဝါရီလ (၂၄)ရက်နေ့အထိ ဆီးသီးတစ်တင်းလျှင် ကျပ် ၁၂၅၀ဝိ/- မကျည်းသီး (အခွံချွတ်) တစ်ပိဿာလျှင် ၁၀၀၀မှ ၁၁၀၀ အထိ စျေးဖွင့်ဝယ်ယူနေပြီး နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များက ပြောသည်။


နတ်မောက်မြို့နယ်ရှိ ကျေးရွာများတွင် ရှေးလူကြီးသူမများ စိုက်ပျိုးထားခဲ့သည့် မကျည်းပင်များ၊ ဆီးပင်များကိုသားစဉ်မြေးဆက် လက်ဆင့်ကမ်းစောင့်ရှောက်ကာ ဆီးသီးရင့်မှည့်ချိန်၊ မကျည်းသီး ရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချကြကြောင်း မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ဝါသီးနှံများစိုက်ခင်းမှ သီးနှံများ မထွက်ရှိတော့သည့် ဝင်ငွေနည်းချိန်တွင် မိမိယာခင်း၊ အိမ်ဝိုင်းများအတွင်းမှ ဆီးပင်၊ မကျည်းပင်များကို ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးကို အထောက်အကူပြုကြောင်း န/လက္ခုပ္ပင် ရွာမှ တောင်သူဦးစိုးဝင်းက ပြောသည်။


မကျည်းသီး၊ ဆီးသီးပေါ်ချိန်တွင် “မကျည်းတစ်လှည့် ဆီး(ဇီး)တစ်လှည့်” ဟူသောအဆိုစကားရှိသည့်အတိုင်း ယခုနှစ်တွင် ဆီးသီးအထွက်ကောင်းပြီး စျေးကောင်းရကြောင်း၊ မကျည်းသီးမှာ အပင်အားလုံး ရင့်မှည့်ခြင်း မရှိသေး၍ ပေါပေါများများမထွက်သေးကြောင်း၊ ယခင်နှစ်က မကျည်း(အခွံချွတ်) တစ်ပိဿာ ၁၅၀၀ နှုန်းထိ ရောင်းရခဲ့သော်လည်း ယခုနှစ်တွင် မကျည်းသီး (အခွံချွတ်) တစ်ပိဿာကို ၁၀၀၀-၁၁၀၀ ကျပ် ဝန်းကျင်သာ ရှိကြောင်း ဆီးသီး/ မကျည်းသီး အရောင်းအဝယ်တစ်ဦးထံက သိရသည်။


မူမူစန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)