သီပေါမြို့နယ်၌ (၄၀)ကြိမ်မြောက်၊ ပရိယတ္တိစာမေးပွဲ စတင်ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်၌ (၄၀)ကြိမ်မြောက်၊ ပရိယတ္တိစာမေးပွဲ စတင်ကျင်းပပြုလုပ်




MNP  -  ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌(၄၀)ကြိမ်မြောက်၊ပရိယတ္တိစာမေးပွဲကို မဟာမြတ်မုနိဘုရားကြီး၊ အာရုံခံတန်ဆောင်းတော်တွင် စာဖြေဌာနဖွင့်လှစ်ကာ ယနေ့နံနက်၇ နာရီ က စတင်ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ပရိယတ္တိစာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်  ရဟန်း၊ သာမဏေ (၂၇၉)ပါး နှင့် သီလရှင် (၁၅၅) ပါး၊ စုစုပေါင်း (၄၃၄) ပါး  ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲကို  မြို့နယ် သံဃနာယကဆရာတော်ကြီးများကကြီးကြပ်၍  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သာသနာရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊  မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စာဖြေသံဃာတော်များနှင့်သီလရှင်တို့အား နေ့ဆွမ်းနှင့် အချိုပွဲများဆက်ကပ်၍လိုအပ်မှုများမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာမေးပွဲကိုဇန်နဝါရီလ ၂၅ ရက် နေ့ မှ၂၈ ရက်နေ့ အထိ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)