MNP - ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံ ပညာမူလတန်း(လွန်)မြို့သစ်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့၊ ညနေ (၆)နာရီက အဆိုပါ ကျောင်းခြံဝင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ရှေးဦးစွာ သတ္တမတန်းကျောင်းသား၊ သူလေးများက “မြတ်ဆရာ”တေးသီချင်းဖြင့် ဖျော်ဖြေသီဆိုဖွင့်လှစ်ခဲ့ကြပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်း (လွန်)ကျောင်းအုပ်ဆရာကြီး ဦးသာထွန်းအောင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ(၁၁) ဦးအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ မောင်စံဝင်းနှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထိုနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကဏ္ဍအသီးသီးတွင် မြို့နယ်အဆင့် ပညာရည်ချွန်ဆုရရှိခဲ့သော ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာကြီးနှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူ လေးများက ရိုးရာယိမ်း အကအလှများ၊ တေးသီချင်းအမျိုးမျိုးတို့ဖြင့် ကပြဖျော်ဖြေပေးခဲ့ကြ ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost







No comments:
Post a Comment