တောင်ကုတ်မြို့၌ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်





MNP  - ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသန့်ရှင်း သာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊လူမှု ရေးအသင်း အဖွဲ့ဝင်များက စုပေါင်း၍ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ သန့်ရှင်းရေးအတွက် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း များကိုစုပေါင်း ဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)