နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံကြက်သွန်နီများ အသစ်ဝင်ရောက်လာ၍ စျေးကွက်ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံကြက်သွန်နီများ အသစ်ဝင်ရောက်လာ၍ စျေးကွက်ကျဆင်းလာ


MNP  -   ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံကြက်သွန်နီများ အသစ်ဝင်ရောက်လာ၍ စျေးကွက်ကျဆင်းလာကြောင်း ကြက်သွန်နီရောင်းချသူ မလဲ့ထံက သိရသည်။


“ကျွန်မအနေကတော့ မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကနေ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်မျိုးစုံကို  လက်ကားအနေနဲ့ ဝယ်ယူရောင်းချပါတယ်၊ ဟင်းသီးဟင်းရွက်များဖြစ်တဲ့ ချဉ်ပေါင်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ၊ ဗမာနံနံ၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ရိုးဖြူဆလတ်၊ ဖူးစားပြောင်း၊ ဖရုံ၊ ဘူးသီး၊ တိုင်ထောင်ပဲ၊ သခွား၊ ကြက်ဟင်းခါးသီးစတဲ့ အသီးအနှံများအတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ရောင်းချပါတယ်၊ ဒီဇင်ဘာလ ဒုတိယပတ်လောက်ထိ ကြက်သွန်နီတစ်ပိဿာကို (၄၀၀၀)ရောင်းချရပြီး လကုန်ရက်မှစတင်၍ ကြက်သွန်နီ အသစ်များဝင်ရောက်လာသည့်အတွက် တစ်ပိဿာကို (၂၀၀၀)ကျပ်ဖြင့် ရောင်းချရပါတယ်ဟု” မလဲ့က ပြောသည်။


နတ်မောက်မြို့နယ်တွင် ကြက်သွန်နီကို နတ်မောက်မြို့နယ်အတွင်းရှိ ပ/ကျားထူးကျေးရွာ၊ န/လက်ခုပ်ပင်ကျေးရွာ၊ ကြူအိုင်ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုကျေးရွာကျေးရွာများတွင်   မြေအောက်ရေသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)