မင်းဘူးမြို့၌ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး




MNP  -  ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ အသက်(၅)နှစ်မှ(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆေးများကို ယမန်နေ့နံနက် ၁၀ နာရီက ထိုးနံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်ဇင်မိုးတို့က ကြီးကြပ်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသိန်းနှင့် ဆရာ၊ ဆရာမများက ကူညီအားဖြည့်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်နှင့် ကျန်း မာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။


ယင်းသို့  မင်းဘူးမြို့ (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ကို ၅၇၇ ဦး ထိုးနှံပေးခဲ့ပြီး၊ ထိုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား၊ ကျောင်းသူများအား ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသည့် ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်က ပြောသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)