နတ်မောက်မြို့နယ်အတွင်း ကန်စွန်းစိုက်တောင်သူများ စျေးကောင်းရ၍ အမြတ်ငွေပိုမိုရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်အတွင်း ကန်စွန်းစိုက်တောင်သူများ စျေးကောင်းရ၍ အမြတ်ငွေပိုမိုရရှိ



MNP  -   ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ကန်စွန်းစိုက်တောင်သူများ စျေးကောင်းရ၍ အမြတ်ငွေပိုမို ရရှိကြောင်း အင်းကုန်းကျေးရွာရှိ ဦးဘိုဌေးထံက သိရသည်။


“ကျွန်တော်တို့ရွာမှာရှိတဲ့ တောင်သူအများစုဟာ မိုးဦးသီးနှံများ ရိတ်သိမ်းပြီးတဲ့အချိန် တန်ဆောင်မုန်းလကုန်ပြီဆိုရင် ဆောင်းရာသီနဲ့ နွေရာသီအတွက် ဝင်ငွေရအောင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါတယ်၊ ဒီနှစ်တော့ နောက်ပိုင်းမိုးကောင်းတော့ အစိုဓာတ်ထိန်းတဲ့ ယာမြေတွေက ချက်ချင်းထယ်ရေးပြုပြင်ရသလို အစိုဓာတ်မထိန်းနိုင်တဲ့ နေရာတွေမှာ ဒိုင်းရှင်းစက်(လက်စွဲမီးစက်)တွေနဲ့ ရေတင်၍ ထယ်ရေးပြုပြင်စိုက်ပျိုးကြပါတယ်၊ ခုကျွန်တော့်ယာထဲမှာ ရွက်စားကန်စွန်းစိုက်ပျိုးထားတာဘဲဖြစ်ပါတယ်၊  ရွက်စားကန်စွန်း ပြော ရခြင်းက ကန်စွန်းမှာ ဥကန်စွန်းနဲ့ ရွက်စားကန်စွန်း၊ လယ်ကန်စွန်းဆိုပြီး သုံးမျိုးရှိပါတယ်ဗျ၊ ရွက်စားကန်စွန်း စိုက်ပျိုးမယ်ဆိုရင် စိုက်ပျိုးရေးဆိုင်များမှ ကျပ်(၁၂၀၀၀)ပေးရတဲ့ မျိုးစေ့အထုပ်ဝယ်ယူပြီး ကျင်းဖွဲ့ စိုက်ပျိုးပါတယ်၊ စိုက်ပျိုးထားတဲ့ ကန်စွန်းများကို ရက်ပေါင်း(၄၅)ရက်သားဆိုရင် စျေးကွက်ကို တင်ပို့ရောင်းချလို့ရပါပြီ၊ နိုဝင်ဘာလမှ စိုက်ပျိုးထားတဲ့ ကန်စွန်းများဟာ မိုးဦးကျသည်အထိ ခူးယူနိုင်ပါတယ်၊ ဂရုစိုက်ပြုပြင်ရန်အတွက် လုပ်အားမကုန်ဘဲ  အရင်းနည်းပြီး ထားနိုင်ရင်ထားနိုင်သလို ခူးယူရောင်း ချနိုင်ပါတယ်၊ ကန်စွန်းတစ်ခါခူးပြီးတိုင်း ရေလောင်းပါက (၁၄)ရက်တစ်ကြိမ် ပြန်လည်ခူးယူရောင်းချလို့ရပါတယ်၊ ခုဆိုရင် ကန်စွန်းရွက် (၅)ညွန့်တစ်စီးကို လက်လီအနေနဲ့ (၁၀၀)ရောင်းရပြီး လက်ကားစျေး အနေနဲ့ ကတော့ (၈၀)ရောင်းရအတွက် အမြတ်ငွေပိုရတာပေါ့ဟု” အင်းကုန်းကျေးရွာ ဦးဘိုဌေးက ပြောသည်။


မူမူစန်း   

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)