MNP - ဇန်နဝါရီ ၃၀
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက သံတွဲမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရိုးလှသန္တာခန်းမ ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်က ကျောင်းသား၊ကျောင်းသူ လေးများအား လူငယ်စကားဝိုင်းကျင်းပရခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်ခင်စန်းနိုင်က ဦးဆောင်၍ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အထက(၁)ကျောင်း Grad-8 ကျောင်းသား မောင်ဟိန်းသူရအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်အောက်မှ “ အားကစားအမျိုးအစားများ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မထိုက်ရတီကိုက “အားကစားစိတ်ဓာတ်”၊ Grade-11 ကျောင်းသူ မခိုင်ဇင်မင်းအောင်က “ အားကစားနှင့်ကျန်းမာရေး” ၊Grade-10 ကျောင်းသူမသင်းရနံ့က “ အားကစားနှင့် အနာဂါတ်” ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးမှုများးအပေါ် Grad-8 ကျောင်းသား မောင်ထူးကြယ်စင်၊ Grade-11 ကျောင်းသူ မအေးအေးစိုး၊ ၊Grade-10 ကျောင်းသူမိုးပွင့်ဇာနည်ခင်နှင့် ၊Grade-10 ကျောင်းသူ မရွှေဝတ်မှုံဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
အလားတူ သံတွဲမြို့ရှိ အခြေပညာအထက်တန်းကျောင်း(ကင်းမော်) ကျောင်းတို့တွင်လည်း လူငယ်စကားဝိုင်းများကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြကြောင်း သိရှိရသည်။
လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ် ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment