မင်းဘူးမြို့ မောင်းမကန်နှင့် ချောင်းဖြူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့ မောင်းမကန်နှင့် ချောင်းဖြူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -   ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မောင်းမကန်နှင့် ချောင်းဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ကျင်းပပြုလုပ်ခဲ့သည်။


လူငယ်စကားဝိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတပြည့်ဝသည့် ကျောင်းသား လူငယ်များဖြစ်လာစေရန် ကျောင်းစာများအပြင် ပြင်ပ၊ စာအုပ်၊ စာပေများဖတ်ရှုလေ့လာကြစေလိုကြောင်းနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်ပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းနှင့် Grade -10 နှင့် Grade -9 မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်တန်ဖိုးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)