ညောင်ဦးမြို့နယ် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၃၀၉ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၃၀၉ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်



MNP  -  ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အသက်၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်၊ နံနက်၉နာရီခွဲ အချိန်က ညောင်ဦးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနော်ရထာခန်းမ၌ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကားပြေားကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးစန်းက လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း၊ လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အသက်၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အဘိုးအဘွား (၁၃၀၉)ဦးအတွက်(၃၉၂၇၀၀၀၀) ကျပ်သုံးရာကိုးဆယ်နှစ်သိန်းခုနှစ်သောင်း တိတိအားညောင်ဦးမြို့နယ်အတွင်းရှိ အသက်၈၅နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အဘိုးအဘွားများလက်ဝယ်အရောက်ပေးအပ်ကန်တော့သွားမည်ဖြစ်ကြောင်းသိ ရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)