MNP - ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်ပစ္စည်းရောင်းချသောဆိုင်များ၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းဖြင့်ရောင်းချနေခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
လိုက်လံစစ်ဆေးရာတွင် စျေးကွက်အတွင်းဆိုလာနှင့်ဆက်စပ်ပစ္စည်းများ အမျိုးအစားအလိုက် ဝယ်စျေး၊ရောင်းစျေး၊ အမြတ်ရာခိုင်နှုန်းနှင့်စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆိုလာပစ္စည်းအမျိုးအစားအလိုက် တစ်လပျမ်းမျှရောင်းချနိုင်မှု အခြေအနေတို့အား စာရင်းပြုစုရယူခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိုက်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment