ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြောင်းမဲ့ သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြောင်းမဲ့ သတ်ဖြတ်


MNP ၊ ဇန်နဝါရီလ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၂ ဦးတို့သည် မိမိတို၏ နေစဉ်ဘဝရပ်တည်နိုင်ရေးအတွက် အလုပ် လုပ်ကိုင်လျက်ရှိရာ PDF ပဒက်များသည် ၎င်းအပြစ်မဲ့ပြည်သူ ၂ ဦးတို့၏ နေအိမ်သို့  ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးစိုးနိုင်ထွန်း နှင့် ဒေါ်စန်းရင် တို့ နေအိမ်တွင် ရှိနေစဉ် PDF အကြမ်းဖက်သမားများသည် လက်လုပ်သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိပြီး မေးမြန်းခြင်းမရှိဘဲ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ဦးစိုးနိုင်ထွန်းမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေါ်စန်းရင်မှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြိုနယ်၊ ပလိုင်းကျေးရွာ အနီးတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအဖွဲ့များက လုံခြုံရေးဆာင်ရွက်လျက်ရှိရာ အေးချမ်းမှုကို လိုလားမှုမရှိဘဲ ပြည်သူများအား လိုက်လံ သတ်ဖြတ်လျက်ရှိသော PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)