ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်း သား/သူ များအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်း သား/သူ များအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ



MNP  -   ဇန်နဝါရီ ၂၇

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယနေ့  နံနက်ပိုင်းက ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။


      အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများ၊ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့သည်။ 


ယမန်နေ့က ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Doseကို ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ (၂၃၄၄)ဦး လာရောက်ထိုးနှံခဲ့ကြ​ကာ ဇန်နဝါရီ (၂၆)ရက်နေ့အထိထိုးနှံပြီးစုစုပေါင်း(၁၂၂၆၁)ဦးရှိပြီး ၊ ဆေးထိုးရန်ကျန်ရှိသည့် မြိုနယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)