ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်






MNP   -  ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ အား ထောက်ပံ့ ပေး အပ်ခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ပြည်ထဲရေးဝန်ကြီး ဌာန ၊ ပြည်ထောင်စုဝန်ကြီး ရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက် ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ ဝန်ထမ်းများအား ထောက်ပံ့ ပေးအပ်ခြင်း နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။ 


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း  (၆၂)ဦး အတွက် တစ်ဦးလျှင် ဆီ ၊ ကြက် သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကြက်ဉ စုစုပေါင်း အမျိုးအစား (၄)မျိုးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူ များက  ဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ ကြကြောင်းသိရသည်။

 

 သက်လွင်စိုး၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)