မအီမြို့တွင် ဂျီဖြူတောင် အ ထ က(ခွဲ) စုရပ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသားကျောင်းသူ(၆၄၄)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဂျီဖြူတောင် အ ထ က(ခွဲ) စုရပ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသားကျောင်းသူ(၆၄၄)ဦးတို့အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ




MNP  -   ဇန်နဝါရီ     ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဂျီဖြူတောင်ကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ထပ်ဆောင်းကာကွယ်ဆေး(Booster dose) ထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာကျောင်းမှ ဆရာ/ဆရာမများ၊ ဂျီဖြူတောင်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း(Booster dose) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ 


ထိုသို့ ဂျီဖြူတောင်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် စုရပ်ထားရှိ၍ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းသို့ ဂျီဖြူတောင်ကျေးရွာအုပ်စုအတွင်းရှိ ကင်းခြေရွာသစ်ကျေးရွာ မူလတန်းကျောင်း၊ ကင်းခြေရွာဟောင်းကျေးရွာ မူလတန်း(လွန်)ကျောင်း၊ ကျောက်ကြီးပေါက်ကျေးရွာ မူလတန်းကျောင်း၊ ကံကျွန်းကျေးရွာ မူလတန်းကျောင်း(ခွဲ)၊ အောင်စည်သာကျေးရွာ မူလတန်းကျောင်း(ခွဲ)၊ တောင်ပေါ်ကျေးရွာ မူလတန်းကျောင်းနှင့် အောင်သပြေကျေးရွာ မူလတန်းကျောင်း(ခွဲ)တို့မှ  ကျောင်းသားကျောင်းသူများက လာရောက်ထိုးနှံခဲ့ကြပြီး အသက်(၅)နှစ်မှ (၁၂)အရွယ် ကျောင်းသားကျောင်းသူ (၆၄၄)ဦးတို့အား  ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း( Booster dose) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ထပ်ဆောင်းကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ (၂၇)ရက်နေ့တွင် သဒွန်ကျေးရွာ၊ မူလတန်း(လွန်)ကျောင်း၌ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)