ရသေ့တောင်မြို့၌ ဆရာတော် သံဃာတော်များ နှင့်ဝတ်ရွတ်အသင်းအဖွဲ့များမှ(ဒုတိယအကြိမ်)အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ဆရာတော် သံဃာတော်များ နှင့်ဝတ်ရွတ်အသင်းအဖွဲ့များမှ(ဒုတိယအကြိမ်)အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ





MNP  -   ဇန်နဝါရီ     ၂၇                           

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို စေတီတောင်ဓမ္မရုံ၌ ယနေ့ (ဒုတိယအကြိမ်)နံနက် ၈ နာရီ ၁၀ မိနစ်က ပြုလုပ်ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ 


ထို့နောက် စေတီယဂ်ဏကျောင်းဆရာတော် ဦးပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များ နှင့် အပြင်အောင်ခြင်းရှစ်ပါး ၊ အတွင်းအောင်ခြင်းရှစ်ပါးကို နာယူကြပြီးဝတ်ရွတ်အသင်းကလည်း အပြင်အောင်ခြင်းရှစ်ပါးမြန်မာပြန်နှင့်ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များရွတ်ဖတ်ပူဇော်ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)