ရသေ့တောင်မြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ( Booster dose)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ( Booster dose)ထိုးနှံ




MNP   -     ဇန်နဝါရီ     ၂၆

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါထပ်ဆောင်း(Booster dose) ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့မ-အမက(၂)ကျောင်းတွင်ထိုးနှံပေးလျက်ရှိ‌ ကြောင်းသိရှိရသည်။


ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှာသာလျှင်ဆေးကိုစနစ်တကျ ထိုးနှံပေးကြသည်၊ ဆေးထိုးပြီးနောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)