MNP - ဇန်နဝါရီ ၁၆
မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနရုံး ၊လူထုအခြေ ပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း (Book Club )တို့ ပူးပေါင်း၍ မြနှင်းရည်ရှိန် ဘာသာပြန်ထား သည့် “အတွေးများမှသည်လက်တွေ့ လုပ်ဆောင်မှုဆီသို့ “ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကိုပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ် ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် (Book Club ) အဖွဲ့ဝင် ဦးဝင်းနိုင်ဦးက “မိမိကိုယ်ကိုယ်ယုံကြည်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း (Book Club) အဖွဲ့ဝင် ဦးညွန့်ဖေက “မိတ်ဆွေကောင်း များကိုရှာဖွေသွားပါ” ခေါင်းစဥ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေး ကြပြီး တက်ရောက်လာကြ သည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ်များ ၊စာဖတ် သည့်အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်း ဖြစ်ကြောင်းသိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment