MNP - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ မြေပြင်ကွင်းဆင်းစာ ရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန်ရရှိနိုင်ရေး ဆွေးနွေးပွဲကို ထမ္မရာဇ်ရပ် ကွက်ရှိ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆွေးနွေးပွဲ ကျင်းပ ပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာ ရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မှ အိမ်ထောင် စုစာရင်းအမှန်ရရှိနိုင်ရေး ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ခေတ္တမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော် မှ မြောက်ဦးမြို့နယ်အတွင်း လူဦး ရေ စာရင်း မှန်ကန်စွာ ကောက်ယူနိုင် ရေးအတွက် မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကောက် ယူ ရာ တွင် အမှားအယွင်း မရှိစေ ရေး နှင့် မြေအမှန်စာရင်းရရှိနိုင်စေရန် ၊ တစ်ရက် လျှင်မိမိတို့ရပ်ကွက်အလိုက် ပြီးစီးနိုင် မှုနှုန်းထားယခုထက်ပိုမိုမြန်ဆန်ရန် နှင့် ကောက် ကွက် အလိုက်လူဦးရေစာရင်းများ ပြီးစီး နိုင်မှုသည်လည်း ပါတီစုံဒီမိုကရေစီမကျင်းပမီ အချိန်မှီပြီးစီးနိုင်ရန် မြေပြင်ကွင်းဆင်းစာ ရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တို့ကို မှာကြားခဲ့သည်။ ထို့နောက် မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲထွန်း မှ လည်း မြေပြင်အမှန်ကွင်းဆင်း စစ်ဆေး နိုင်မှုအခြေအနေ နှင့် ယခုကွင်း ဆင်း ကောက် ယူရာတွင် သက်ဆိုင်ရာဌာနများမှလည်း တိကျမှုနှင့် မြန်ဆန်နိုင်စေရန် ဝိုင်းဝန်း ကူညီ ဆောင် ရွက်ပေး လျှက်ရှိသည် တို့ကို ပြောကြားခဲ့ပြီးနောက် မြေပြင်ကွင်းဆင်းစာ ရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များမှလည်း မိမိတို့တာဝန်ယူဆောင်ရွက်လျှက်ရှိသော ရပ်ကွက်၊ ကျေးရွာ၊အုပ်စု များတွင် မြေပြင်အမှန်အိမ်ထောင်စု စာရင်း ကောက်ယူနိုင်မှု အခြေ အနေ တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ခေတ္တမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်ဆန်း ကျော် မှ လိုအပ် သည်များကို ဖြည့်စွက်ပြော ကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment