အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ဘဝအောင်မြင်ရေး အခြေခံအကြောင်းများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Cen tre)၌ ဘဝအောင်မြင်ရေး အခြေခံအကြောင်းများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ





MNP  -  ဇန်နဝါရီ ၁၆

  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် ဘဝအောင် မြင်ရေး အခြေခံအ ကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ကကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းကို လူငယ်များ၏ ကာယ၊ ဉာဏ ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊တီထွင်ဖန်တီးလိုစိတ်များဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ပြု လုပ်ပေးခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပ ပေးရခြင်းရည်ရွယ်ချက်နှင့်ဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ် (၂၀)ပါ ဆောင်းပါးရှင်  ချစ်နိုင်(စိတ်ပ ညာ) ရေးသားသည့်  ဘဝအောင်မြင်ရေး အခြေခံအ ကြောင်းများ ဆောင်းပါး မှ အမြင်မှားအတွေးမှားမရှိစေရဘဲ အမြင်မှန်အတွေးမှန်ရှိကြစေဖို့အရေးဟာ အခြေခံကျကျ အဓိက အ ချက်ပါက လားလို့ သဘောပေါက်ခဲ့ရပါတယ်။ဒီအချိန်မှာ မှန် ကန်တဲ့အမြင် မှန်ကန်တဲ့ခံယူချက် မှန်ကန်ကောင်းမွန်တဲ့ ရည် ရွယ်ချက်နဲ့ ရွှေးချယ်ဆုံးဖြတ်ပြီး ရဲရဲဝံဝံပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဆက်နိုင်ကြစေလိုကြောင်းဆွေးနွေး ပြောကြားခဲ့သည်။  


 ထို့နောက် မြတ်နိုးသူ Book Club အသင်း ဝင်  ကျောင်းသား မောင်အောင်နိုင်က မိမိဘဝရဲ့ တိကျတဲ့ပန်းတိုင်တစ်ခုရွှေးချယ်ဆုံးဖြတ်ရမယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ဇွဲသတ္တိရှိမှု၊အားကောင်းတဲ့ဘက်က နိုင်စမြဲပါကြောင်း ဆွေးနွေးခဲ့ပြီး မောင်တင်ထွန်းကက ဗဟုသုတအချက်အလက်တွေများများသိမြင်လေလေ၊အတွေးအခေါ်မှန်ကန်ဆုံးဖြတ်ချက်မှန်၊လမ်းကြောင်းမှန်၊နား မျက်စိ အသိညာဏ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးနဲ့အဆင့်နေရာကို ပြဌာန်းတာဖြစ်ပါကြောင်း ဆွေးနွေးပြောကြား၍ သိရှိလို သည်များ မေးမြန်းရာ မြို့နယ် ဦးစီးမှူးက ဖြည့်စွပ်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)