မာန်အောင်မြို့အ-ထ-က၌မူးယစ်ဆေးဝါး၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့အ-ထ-က၌မူးယစ်ဆေးဝါး၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်






MNP  -   ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ၂ နာရီက မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဇေယျာခန်းမ၌ ပြုလုပ်ခဲ့သည်။


     ရှေးဦးစွာဟောပြောပွဲတွင်  မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခေတ္တ) ကျောင်းအုပ်ဆရာကြီးဦးယဥ်ထွေးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အောင်ကျော်ထွန်းကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချမှု လက်ဝယ်ထားရှိမှုများနှင့် ပတ်သက်သော  ဥပဒေဆိုင်ရာ ပြစ်မှုပြစ်ဒဏ်အကြောင်းအ ရာများကို လည်းကောင်း၊မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းစိုးနိုင်က ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလည်းကောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်သန်းဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အကြောင်းအရာများကိုလည်းကောင်း ပါဝါပွိုင့် ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြသ ပြောကြားကြ ပြီး တက်ရောက်လာသူ များအားမူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်နှင့် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။


   အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဆရာ/ဆရာမများ၊ကျောင်သား/ကျောင်းသူများ ၂၂၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)