ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံ



MNP  -  ဇန်နဝါရီ ၁၂

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက သက်ဆိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာ သင်ကြားနိုင်ရန်ရည်ရွယ်၍   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော  ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး (၂)ကြိမ် ဆက်တိုက်ထိုးနှံပြီးစီးမှု ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံ ပေးခဲ့သည်။ 


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း(၂၆)ကျောင်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်၊ ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်သည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူ (၉၅၈)ဦးတို့ကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster)ထိုးနှံပေးခဲ့ပြီး၊ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီး စီးသူ(၁၂၈၉)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)