MNP - ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ဆက်လက်ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြပြီး ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ယမန်နေ့က (၁၃၅)ဦး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၅၃၀)ဦးထိုးနှံပြီး ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအခြေခံ ပညာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment