ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်



MNP   -   ဇန်နဝါရီ    ၁၂

   ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဝန်ထမ်းများအရည်အသွေးပြည့်‌ဝစေရေးအတွက်ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


      ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။  ဆက်လက်ပြီး  ဒုတိယဦးစီးမှူးဒေါ်သိန်းသိန်းနိုင်က စာကြည့်တိုက်အဓိပ္ပါယ်စာကြည့်တိုက်ပညာ၊စာကြည့်တိုက်ပညာနှင့်ထူးခြားသည့်ဝိသေသ စသည့်ခေါင်းစဉ်များ

ဖြင့်ဖတ်ကြားသည်၊ ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃၊ ဦးမောင်ကြည် မှ စာစာကြည့်တိုက်စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့်ဖတ်ကြားပေးကြသည်။


      ၎င်းနောက် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်းများနှင့်ရှေ့ဆက်လုပ်ဆောင်သွားကြရမည့်လုပ်ငန်းများနှင့်ပတ်သက်၍အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြရာဆွေးနွေးမှုများအပေါ်တွင်အားနည်းချက်အားသာချက်များကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)