ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိလာစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများသည် ယမန်နေ့ နံနက်က လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းရှိ စျေးများတွင် ပျံကျဈေးသည်နှင့် ဈေးဝယ်များအား Hand Speaker ဖြင့် အသိပညာပေးပြီး Mask Campaign ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်စည်ပင်သာယာ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်က အနီးကပ်ကြီးကြပ်ပြီး ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်းနှင့်အိမ်ကြီးလမ်းရှိ ပျံကျဈေးသည်များနှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Mask နှင့် Face shine အကာများကို တပ်ဆင်ခြင်းဖြင့် စျေးရောင်းသူများသည် စျေးဝယ်သူအများအပြားနှင့် နီးကပ်စွာထိတွေ့နေရသဖြင့် အကာအကွယ်ရရှိစေရန်၊ စျေးဝယ်သူများအနေဖြင့်လည်း စျေးသို့မလာမှီကပင် မိမိဝယ်ယူမည့် ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်ကို ကြိုတင်စာရင်းပြုလာစေရန်၊ စျေးဝယ်သူများအနေဖြင့် မိမိဝယ်ယူမည့်ပစ္စည်းများအား အမြန်ဝယ်စေရန်၊ အသက်အရွယ်ကြီးသူများ ရောဂါအခံ တစ်မျိုးမျိုးရှိသူများ အနေဖြင့် စျေးရောင်းခြင်း၊ စျေးဝယ်ခြင်းများ မပြုလုပ်စေရန်၊ နေ့တိုင်းစျေးဝယ်မထွက်ပဲ ဖြစ်နိုင်ပါက ၂ ရက်တစ်ခါ ၃ ရက် တစ်ခါသာ စျေးဝယ်ထွက်စေရန်၊ စျေး ရောင်းသူများနှင့်စျေးဝယ်သူများအကြား ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)