MNP - ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အသက်ငါးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော အသက်ငါးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment