သာပေါင်းမြို့နယ်စိုက်တိုးမြင့် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်စိုက်တိုးမြင့် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ကြည့်ရှုအားပေး




MNP  -   ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ နေကြာသီးသန့် စိုက်ကွင်းဖြစ်ထွန်းနေမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ကြည့်ရှုအားပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ၊ စိုက်တိုးမြင့်ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်လွင်၊ ကျေးရွာစိုက်တိုးမြင့်ကော်မတီအဖွဲ့တို့က ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာ၊ ကွင်းအမှတ် (၆၉၆) ၊ ဦးပိုင်အမှတ် (၃၄) ၊ တောင်သူဦးစောအောင် စိုက်ပျိုးထားရှိသော နေကြာသီးသန့် (၂) ဧကဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအား‌ပေးပြီး မြေသားဘောင်လုံးပြုလုပ်ရန်၊ ရေသွင်းရန်၊ နေကြာပင်ပေါက်သားခွဲရန်၊ ရွက်ဖျန်းမြေသြဇာ ပက်ဖျန်းရန်တို့ကို မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)