နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ



MNP  -   ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲအား ယမန်နေ့‌ နေ့လည်(၁)နာရီက ပြုလုပ်ခဲ့ပါသည်။


အဆိုပါ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး−နမ့်ဆန်ဒေသရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသားလူငယ်များ မှတ်ဉာဏ်စွမ်းရည်များတိုးတက်စေရန်၊ စာပေဖတ်ရူသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် မှတ်ဉာဏ်စွမ်းရည် မြှင့်မားလာစေရန် ရည်ရွယ်၍ ဤပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဒို့ကျေးရွာဂျာနယ်ပါ မောင်မျိုးအောင်၏ “အကြမ်းဖက်သမားများအဖြစ် ကလေး များဘဝ မနစ်မွန်းရေး အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေး” အကြောင်းအရာများအား အသီးသီး ဖတ်ကြား ပြိုင်ပွဲဝင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် စကားလုံးပီသမှု၊ အသံအဖြတ်အတောက်၊ ကြည်လင်ပြတ်သားမှု၊ စာပိုဒ်များအား မှတ်မိနိုင်မှုများအား စစ်ဆေးအကဲဖြတ်ကာ ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး −နမ့်ဆန်ဒေသရုံးအနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)