ဘီးလင်းမြို့နယ်တွင် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်​ဖြစ်စေသော စားသောက်ကုန်များ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်​ဖြစ်စေသော စားသောက်ကုန်များ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး




MNP    -   ဇန်နဝါရီ ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် စားသုံးသူ​ရေးရာဦးစီးဌာနသည် ဘီးလင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် Coffee Shop (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်​ဖြစ်စေသော စား​သောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


 အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင်  စားသုံးသူရေးရာဦးစီးဌာမှ ဦးစီးမှူး​ ဒေါ်ဇင်ဖြူဝင်းက စားသောက်ကုန်ရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိသော COFFEE SHOP (very good) တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ရောင်းချမှုကိုတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)