MNP - ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ စာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃နာရီအချိန်က လူထုဗဟိုပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ မောင်မင်းစိုးရေးသားသည့် အောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် Youth club အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူစာဖတ်ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သူကြသူများက စာရေးဆရာ၏ အဓိကထားသင့်သည့် အောင်မြင်ခြင်း၏ အဓိကဇာစ်မြစ်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment