မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်များ ဆက်လက်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်များ ဆက်လက်ဆောင်ရွက်နေ



MNP -   ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breakerအသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ၄၀၀ဗို့ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော Feederမှ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးအတွက် Breaker အသစ် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။     မြို့သစ်မြို့နယ်တွင် ၁၁ကေဗွီ လိုင်းမိုင် (၁၅၃) မိုင်ကျော်ရှိပြီး ဖီဒါအနေဖြင့် မြို့သစ်ဖီဒါ ၁ ခုထဲတွင် စုပြုံသုံးသောအခါ ယခုလိုဝန်အားလျော့နေရာမှ ပြန်လာသောအခါ over load (ဝန်အား ပိုမိုသုံးစွဲမှု) ဖြစ်သောကြောင့် မြို့ပေါ်ကို အရင်ပေး၍၊ ၁ နာရီလောက်ခြားမှ ကျေးရွာကို မီးပြန်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရကြောင်း၊ ယခုကဲ့သို့ ‌ဆောင်ရွက်ရခြင်းမှာလည်း ဖီဒါ၁ခု ထဲအပေါ် သုံးစွဲနေရသောကြောင့်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘတ်ဂျတ်တွင် မြို့သစ်ဖီအား ဖီဒါအသစ်ခွဲထွက်နိုင်ရေးအတွက် ၁၁ကေဗွီလိုင်း(၃)မိုင်အား SACဖြင့် တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ အကျိုးကျေးဇူးမှာ ယခင်လိုဝန်အားလျော့မှ မီးပြန်လာလျှင် ကျေးရွာများအား (၁)နာရီနောက်ကျပြီးမှ မီးတင်ပေးတာမျိုးမရှိတော့ကြောင်း၊ ထို့အတူ မြို့ပေါ်က ပြည်သူ များလည်း ကျေးရွာဖီဒါကြောင့် လိုင်းအပြစ်ဖြစ်ခဲ့သော်လည်း မြို့ပေါ်တွင် မီးပျက်တာမဟုတ်​​တော့ကြောင်း၊ ဆိုလိုသည်မှာ သူ့လိုင်းနဲ့သူဖြစ်သွားသည်ဟူသော သဘောဖြစ်ကြောင်း၊ ဌာနဝန်ထမ်းများလည်း ယခင်ကကဲ့သို့ ကျေးရွာလိုင်းခွာလိုက်၊ ပြန်ကပ်လိုက်ဖြင့် လုပ်စရာမလိုတော့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတာဝန်ခံတစ်ဦးထံက သိရသည်။


သန်းဝင်းထွန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)