MNP - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ တွင်ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ များလာကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင်သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ အပတ်စဉ်ထုတ်ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများအကြိုက်ပြိုင်ပွဲများ၊စာကြည့် တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲများ၊ Talk Show များနှင့် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက် အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများ စာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့် ဆောင်ရွက်ထားပြီး ကလေးစိတ်ကြိုက်ပုံပြင်ပြောပြခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း၊ မှတ်ဉာဏ် စွမ်းရည်ပြိုင်ပွဲ၊ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment