PDF အကြမ်းဖက်စခန်းရှိရာ ဒေသများကို စစ်ကြောင်းထိုး၍ ရှင်းလင်းပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်စခန်းရှိရာ ဒေသများကို စစ်ကြောင်းထိုး၍ ရှင်းလင်းပေးစေလို (အိတ်ဖွင့်ပေးစာ)



တာဝန်ရှိ လူကြီးမင်းများခင်ဗျာ -

ကျွန်တော် ကျွန်းလှမြို့နယ် က ဒေသခံတစ်ဦးပါ။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မိမိတတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်းလှမြို့နယ်အတွင်းရှိ သဖမ်းဆိပ်ဆည်အတွင်း ရွှေမျောများ တူးဖော်နေခြင်းကြောင့် သဖမ်းဆိပ်ဆည်ကြီးမှာလည်း ခြေချစရာနေရာပင် မရှိလောက်အောင် ပျက်စီးနေပါပြီ။

 ရေနံတွင်း (လျှံတွင်း)များ ထွက်နေသည်ကိုလည်း လူကြီးမင်းတို့ အသိပင်ဖြစ်ပါလိမ့်မည်။ ရွှေတွင်း၊ ရေနံတွင်းများတွင် KIA, PDF အကြမ်းဖက်သမားများက လက်နက်မိုး၍ ဆက်ကြေးကောက် စီးပွားရှာနေကြပါသည်။ ထိုသို့သော နေရာများကို စစ်ကြောင်း မရောက်စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ဟု တင်ပြလျှင်လိုပါသည်။ ဤမျှဆိုလျှင် သက်ဆိုင်ရာ လူကြီးမင်းများ သဘောပေါက်မည်ဟု ယုံကြည်ပါသည်။ ကျွန်းလှဒေသမှ ထွက်ရှိသော ရေနံကို မုံရွာမြို့ထိအောင် ထောက်ခံစာအတုများဖြင့် သယ်ဆောင်နေကြပါသည်။

ထို့အပြင် KIA, PDF အကြမ်းဖက်သင်တန်း၊ အကြမ်းဖက်စခန်း ရှိရာနေရာများကို စစ်ကြောင်း မရောက်ပါ။ ရက်သတ္တပတ်အတွင်းက စစ်ကြောင်းဆင်းလာသော်လည်း အဆိုပါ အကြမ်းဖက်သင်တန်း၊ အကြမ်းဖက်စခန်း ရှိရာ နေရာများဖြစ်သည့် ကျွန်းလှမြို့နယ်၊ ဆွဲတဲ(လှည်း) ကျေးရွား ဘက်သို့ စစ်ကြောင်းများ ရောက်ရှိခဲ့ခြင်း မရှိပါ။ ဆွဲတည်းရွာတွင် KIA, PDF အကြမ်းဖက်သမားများက ခြေကုတ်ယူ၍ အကြမ်းဖက်သင်တန်းပေးနေခြင်းကြောင့် အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးစေလိုပါသည်။

ဒေသခံ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာရိုင်းစိုင်းနေသည့် အကြမ်းဖက်သမားများက တာဝန်ရှိသူများအနေဖြင့် ရှင်းလင်းပေးခြင်းမရှိပါက နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်သမားများက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြအုံးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်စခန်း၊ အကြမ်းဖက်သင်တန်း ရှိရာဒေသများ၊ ဥပဒေမဲ့ ရွှေ၊ ရေနံတူးဖော်၍ လက်နက်၊ ခဲယမ်း ဝယ်ယူပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာရိုင်းစိုင်းလျက်ရှိသည့် အကြမ်းအဖွဲ့များကို အမြန်ဆုံး ခြေမှုန်း ရှင်းလင်းပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)