ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ကျောက်ဖြူမြို့ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ ဒေသတွင်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ကျောက်ဖြူမြို့ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ ဒေသတွင်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ






MNP  -   ဇန်နဝါရီ   ၃၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့ နံနက် ၇ နာရီက ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ဖွင့်လှစ်ပြသထားသည့် MSME ထုတ်ကုန်ပြ ပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဒေသတွင်း MSME လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ရိပ်သာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။


ဖွင့်ပွဲတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးရဲလင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် သတ္တုတွင်း ဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ၊ ပြည်နယ်ဦးစီးဌာနမှူး ဦးသန်းမြင့်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ 


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲဖွင့်ပွဲအခမ်းအနားတွင်  ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊  ပါပရာ(ငါးမုန့်) လုပ်ငန်း၊ ငါး/ပုဇွန်/ ကယုကမာ/ ကဏန်း/ကဏန်းပျော့ ရောင်းဝယ်ရေးလုပ်ငန်း၊ ငှက်သိုက်လုပ်ငန်း၊ ဓနိဖူးနှင့်ဆက်စပ်ပစ္စည်းထုတ်ကုန်လုပ်ငန်း၊ နေလှန်းဆားလုပ်ငန်း အိုင်အိုဒင်းဆားလုပ်ငန်း၊ ငါးခြောက်/ ပုဇွန်ခြောက် ရေထွက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်းစသည့် MSME လုပ်ငန်း (၂၂)ခုတို့မှ ခင်းကျင်းပြသထားသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုပြီး လုပ်ငန်း ရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။


ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နံနက်(၁၀)နာရီတွင် အစိုးရအဖွဲ့ရိပ်သာခန်းမ၌ MSME လုပ်ငန်းရှင်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးက နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတိုးတက်မည်ဖြစ် သဖြင့် သဘာဝသယံဇာတများမှထုတ်လုပ်သော ထုတ်ကုန်အသီးသီး၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု သည်လည်း အလွန်အရေးကြီးပါကြောင်း၊ ကျောက်ဖြူမြို့နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီး ပထဝီအနေအထားအရ အလွန်ကောင်းမွန်သဖြင့် ငှက်သိုက်လုပ်ငန်း၊ ကယုကမာလုပ်ငန်း၊ ငါး/ပုဇွန် မွေးမြူရေးလုပ်ငန်းအစရှိသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒေသအတွက်အလွန် အရေးကြီးပါကြောင်း၊ ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်ပြီးစီးပါကလည်း ပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှပ်နှံမှုများ ရောက်ရှိလာမည်ဖြစ်သဖြင့် MSME ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ ချေးငွေများပေးအပ်လာ ပါက မိမိတို့၏လုပ်ငန်းများတွင် အမှန်တကယ်ရင်းနှီးမြှပ်နှံပြီး ချေးငွေများကိုလည်းပြန်လည်ကာ အကျေ ပေးဆပ်စေချင်ပါကြောင်းစသည့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြော ကြားသည်။ 


ဆက်လက်၍ သတ္တုတွင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးက မိမိတို့ဌာနအနေဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းငန်းရှင်များ၏ လိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်မီနည်းပညာများအသုံးပြုပြီး ဆားထုတ်ရေးလုပ်ငန်းများ ထုတ်လုပ်သွားနိုင်ရေး ဆွေးနွေးပြော ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ  MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ဖွင့်လှစ်ပြသရောင်း ချနေသည့် ဆိုင်ခန်းများဆောက်လုပ်ခင်းကျင်းထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထိုနောက် ရေလုပ်ငန်းရှင်များ၊  ဆီစက်လုပ်ငန်းရှင်များနှင့် ဆန်စက်လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ငန်းများတွင်လိုအပ်နေသည့် နည်းပညာအခက်အခဲ၊ စက်ပစ္စည်းများနှင့် အရင်းအနှီးများအားတင်ပြ ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး  ဒေသစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရ သည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)