MNP - ဇန်နဝါရီ ၃၁
မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြား ချက်အရကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် တောင်သူများနှင့်ဆောင်းမြေပဲ၊ဆောင်း နှမ်းစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့်တောင်သူများ အထွက်နှန်းတိုးတက်စေရန် (ယူးရီးယား) ဓါတ်မြေဩဇာများကိုမြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ ဆဌမအကြိမ်အဖြစ် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင်နွေစပါးနှင့်ဆောင်းမြေပဲ၊ဆောင်းနှမ်းစိုက်ပျိုးသည့်ကျေးရွာ (၇)ရွာအတွက် စုစုပေါင်း (ယူးရီးယား)မြေဩဇာ(၁၀၁၁) အိတ် အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီဝင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ် ဦးဆောင်၍အဖွဲ့ဝင်များကစနစ်တကျခွဲဝေပေးခဲ့ရာ သက်ဆိုင်ရာကျေးရွာ(၇)ရွာမှကျေးရွာတာဝန်ခံများကလာရောက်ထုတ်ယူကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment