ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌" မောင်မယ်သစ်လွင်ကြိုဆိုပွဲ "အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌" မောင်မယ်သစ်လွင်ကြိုဆိုပွဲ "အခမ်းအနားကျင်းပ




MNP  -  ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၂၈) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းမြတ်ပညာခန်း၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ရှေးဦးစွာပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။


ယင်းနောက်အပတ်စဥ်(၂၆/၂၇) သင်တန်းသား၊ သင်တန်းသူများကိုယ်စား အပတ်စဉ်(၂၆)မှ သင်တန်းသားတစ်ဦးက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းအပတ်စဉ် (၂၈)မှသင်တန်းသား၊ သင်တန်းသူ (၁၀၀)ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားကာ ဒုတိယနှစ်သင်တန်းသား၊ သင်တန်းသူများက  တက်ရောက်လာကြသူများကို ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။


ကိုစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)