တောင်ကုတ်မြို့၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေး Talk Show ပြုလုပ်


MNP   -   ဇန်နဝါရီ ၂၅

တောင်ကုတ်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းအသိပညာ ပေးဆွေးနွေးပွဲ Talk Show ကို ဇန်နဝါရီလ၂၃  နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှဦးစီးအရာရှိဦးမြင့်ရွှေက ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းအသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးဒေါ်သန်းနုက ဆောင်းရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်၍မေးမြန်းရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝင်းဝင်းမြိုင်က ဆောင်းရာသီတွင်အဖြစ်များသည့်ရောဂါများဖြစ်သည့် တုပ်ကွေး ၊ အအေးမိ ၊ ချောင်းဆိုး ၊ နှာစေး ၊ဝက်သက်ဖျား ၊သလိပ်ဖျား ၊ ပန်းနာရင်ကြပ်၊ အဆုပ်ရောင်ရောဂါ ၊ ဝမ်းကိုက်ရောဂါ များအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရောဂါမဖြစ်ပွားစေရန်အတွက် စားသုံးရမည့်အစားအစာများနှင့်ရာသီဥတုအကူးအပြောင်းတွင် ရောဂါမဖြစ်ပွားစေရန်သတိပြုနေထိုင်ရမည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအားအသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဝန်ဆောင်မှုပေးလျက်ရှိရာ အများပြည်သူအသိပညာရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့်ထုတ်လွှင့်ပေးခြင်း များကိုလည်း ဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)