ကျောက်ဆည်မြို့နယ် တံတားလည်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် တံတားလည်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေ



MNP  -   ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ နှမ်း၊ ဝါ၊ ငရုပ်၊ နှင့် ပဲ အအမျိုးမျိုး စသည့် သီးနှံများအပြင် အခြားသီးနှံများလည်း စိုက်ပျိုးထားကြရာ တံတားလည်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံ စိုက်ပျိုးရောင်းသူများ နေ့စဉ်ဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပဲတောင့်ရှည်သီးနှံသည် ကာလတို မီးဖိုချောင်သုံး သီးနှံတစ်မျိုးဖြစ်ပြီး နှုန်းမြေနှင့် ကိုင်းကျွန်းမြေများတွင် ကောင်းစွာ ဖြစ်ထွန်းကြောင်း စိုက်ပျိုးပြီးရက်ပေါင်း (၇၀) တွင် စတင်ခူးဆွတ်ရကြောင်းနှင့် ပဲတောင့်ရှည် အပင်(၃၀၀) စိုက်ပျိုးထားရာ စတင်ခူးဆွတ်ချိန်တွင် (၅)ပိသာခန့်ခူးဆွတ်ရပြီး အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်ပါက (၃၅)ပိဿာမှ (၄၀)ပိဿာ အထိ ခူးဆွတ်ရပြီး တစ်ပိဿာငွေကျပ်(၈၀၀) ဖြင့် ရောင်းချရသဖြင့် အဆင်ပြေလျက်ရှိကြောင်း အနောက်ငယ်ကျေးရွာမှ ဦးအောင်သင်းက ပြောပြသည်။


ပဲတောင့်ရှည်သီးနှံသည် မြေအစိုဓာတ်အမြဲရရှိပါက အထွက်နှုန်း ကောင်းမွန်သည့်အတွက် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး လေဝင်လေထွက်နှင့် နေရောင်ခြည်ကောင်းစွာ ရရှိစေရန် အတွက် တစ်ပင်နှင့်တစ်ပင်၊ တစ်ပေခန့်အကွာ၊ တစ်တန်းနှင့်တစ်တန်း၊ နှစ်ပေခန့်အကွာခန့် စိုက်ပျိုးခြင်းဖြင့် အပင်ဖြစ်ထွန်းပြီး သီးအထွက်နှုန်း  ပိုမိုကောင်းမွန်ကြောင်း မိသားစုတစ်နိုင်တစ်ပိုင် မျှားနီတံဆိပ် တိုင်ထောင်ပဲ တောင့်ရှည်မျိုး စိုက်ပျိုးထားသည့် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။


သက်မောက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)