ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မိဘပြည်သူများနှင့် လူငယ်လူရွယ်များ အသိ ပညာဗဟုသုတတိုးပွားစေရန်၊  ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားစိတ်ဓါတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်း က လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ(အကြီးတန်းစာရေး)  ဒေါ်သင်းသင်းအေးက ကျောင်းသားလူငယ်များအနေဖြင့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့လိုအပ်ကြောင်း၊ ကာယ၊ ဉာဏဖွံ့ဖြိုး တိုးတက်စေရန်အတွက် လေ့လာလိုက်စားသင့်သည့် အားကစားနည်းများ၊ အားကစားပြိုင်ပွဲများအား တိုင်းဒေသကြီး နှင့်ခရိုင်မှ ရေးဆွဲသော အားကစားပြက္ခဒိန်အလိုက် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အားကစားကဏ္ဍဆိုင်ရာနှင့် လူငယ်ခေါင်းဆောင် ပိုင်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေး ပြောကြားသည်။


ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။


မယု

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)