ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းပေးခြင်းကြောင့်  လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်ပြီး စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ၁၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ခင်မောင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)