တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်


MNP   -   ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးနှင့် ဗို့အားပြည့်ဝစွာရရှိရေးတို့အတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ကျိုးကျ၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၏ ဦးဆောင်မှုဖြင့် မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ ကန်ပတ်လမ်းနှင့် ကျိုက္ကဆံလမ်းမကြီးတစ်လျှောက်ရှိ ၆.၆ ကေဗွီဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြသည်။


“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုများ ရှိနိုင်သည့်အတွက် ကျွန်တော်အပါအဝင် ရပ်ကွက်နေပြည်သူတွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်း သတိထားပြီး သွားလာနေရပါတယ်။ ယခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးကဆိုသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)