စစ်တွေမြို့၌ စာသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ စာသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်




MNP  -   ဇန်နဝါရီ ၂၅

စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာ ပေးလုပ်ငန်း များဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးမြင့်စိုးနှင့် စစ်တွေခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမောင်လှဝင်းတို့က စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်‌ေရး၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဘေးအန္တာရယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိရေး၊ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်၊စားသုံးသူ‌ရေးရာဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာ များကို အသိပညာပေးဆွေးနွေး ပြောကြားကြသည်။


စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားအသိ ပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အားအခမဲ့ ငှားရမ်းပေးခြင်း၊ ပြည်သူများအသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)